နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၉ ရာခိုင်နှုန်းမြင့်တက်လာတဲ့ တရုတ်နဲ့ရုရှား

နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၉ ရာခိုင်နှုန်းမြင့်တက်လာတဲ့ တရုတ်နဲ့ရုရှား

ကမ္ဘာ့နိုင်ငံရေး   အခြေအနေအရ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု က တရုတ်နဲ့ရုရှားနိုင်ငံတို့အပေါ် ရန်စောင် တိုက်ခိုက်မှုများပြုနေသော်ငြားလည်း သူတို့ရဲ့လုပ်ဆောင်ချက်က တရုတ်နဲ့ရုရှားတို့ကို ပိုမိုနီးကပ်သွားစေတာတော့အမှန်ပါပဲ။အခုလည်း အနောက်အုပ်စုက ရုရှားအပေါ်ဘယ်လောက်အထိအရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမယ့်  တရုတ်နဲ့ရုရှား နိုင်ငံတို့ကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏက ပိုလို့သာတိုးတက်လာတာကိုတွေ့ရပါတယ်။
ဒီနှစ်ရဲ့ပထမခုနစ်လအတွင်း နှစ်နိုင်ငံကြား   စုစုပေါင်းကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ   ၉၇ ဒသမ ၇၁ ဘီလီယံရှိလာပါပြီ။ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလကုန်သွယ်မှုပမာဏထက် ၂၉ ရာခိုင်နှုန်းအထိတိုးမြင့်လာတာဖြစ်ပြီး  ယခုနှစ် ကုန်အထိဆိုရင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏက မနှစ်ကထက်ပိုမိုများပြားလိမ့်မယ်လို့  တာဝန်ရှိသူများက    မျှော်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ်တစ်နှစ်လုံးမှာ သူတို့နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏက  အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၈၇ ဘီလီယံမှာ ရပ်တည်ခဲ့တာဖြစ်ပြီး  စံချိန်တင်ပမာဏလည်းဖြစ်ခဲ့ပါတယ်။ဇူလိုင်လအတွင်းမှာဆိုရင်   ရုရှားက တရုတ်နိုင်ငံကနေ  ဝယ်ယူတဲ့ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်း  ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံရှိပါတယ်။အဲဒီပမာဏက ဇွန်လအတွင်းဝယ်ယူ
မှုပမာဏထက် သုံးပုံတစ်ပုံမြင့်တက်လာတာဖြစ်တယ်လို့  တရုတ်အကောက်ခွန်တာဝန်ရှိသူတွေရဲ့   ထုတ်ပြန်ချက်ကိုကိုးကားပြီး  ြူသသာဘနမါ သတင်းဌာနကဖော်ပြထားပါတယ်။
အနောက်အုပ်စုက    ရုရှားအပေါ်အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာကြောင့်   အဲဒီနိုင်ငံအတွင်းကနေအစုလိုက်အပြုံလိုက်ထွက်ခွာသွားရတဲ့ ပြည်ပကုန်ပစ္စည်းတွေနေရာမှာ တရုတ်ကုန်ပစ္စည်းတွေက အစားထိုးဝင်ရောက်နေရာယူလာ တာပါ။ဒါ့အပြင် ဇူလိုင်လအတွင်း တရုတ်နိုင်ငံကနေရုရှားနိုင်ငံကို ကုန်ပစ္စည်းတင်ပို့ရမှုကပြီးခဲ့တဲ့နှစ်အလားတူကာလကထက် ၂၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာတာကိုလည်းတွေ့ရပါတယ်။

နှစ်နိုင်ငံကြားမှာ    စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသာမကဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာဆိုရင်  စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊   စွမ်းအင်အသစ်အသုံးပြုယာဉ်များကဏ္ဍနဲ့ အခြားသောကဏ္ဍပေါင်းစုံတို့မှာပါ   ပူးပေါင်း ဆောင်ရွက်မှုကို      တိုးမြှင့်လာတာဖြစ်တယ်လို့     တရုတ်-ရုရှားဒေသတွင်းစီးပွားရေးသုတေသနဌာနမှဥက္ကဋ္ဌကပြော
ပါတယ်။အထူးသဖြင့်တော့ ကုန်သွယ်မှုလုပ်ရာမှာ  အရင်လိုနိုင်ငံခြားငွေကြေးဖြစ်တဲ့ ဒေါ်လာကိုအသုံးမပြုတော့ဘဲ ပြည်တွင်း ငွေကြေးအချင်းချင်း  အလဲအလှယ်လုပ်အသုံးပြုခြင်းကြောင့်  နှစ်နိုင်ငံကြားရှိကုန်သည်များအနေနဲ့  ကူးသန်းရောင်းဝယ် ရေးမှာအဆင်ပြေလာပြီး  ပြည်ပကုန်သွယ်မှုကိုတည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ကာ အမေရိကန်ဒေါ်လာရဲ့လွှမ်းမိုးမှုကိုလည်းရှောင်လွှဲနိုင်သွားပြီဖြစ်ကြောင်း    သူကဆက်ပြောထားတယ်လို့သိရပါတယ်။