တောင်ကိုရီးယား၌ ၁၁၅ နှစ်အတွင်း အဆိုးဆုံးသောမိုးကြီးရေလွှမ်းမိုးမှုဖြစ်ပွား၊ လူကိုးဦးသေဆုံး

တောင်ကိုရီးယား၌ ၁၁၅ နှစ်အတွင်း အဆိုးဆုံးသောမိုးကြီးရေလွှမ်းမိုးမှုဖြစ်ပွား၊ လူကိုးဦးသေဆုံး

ဆိုး၊ သဘာဝဘေး

တောင်ကိုရီးယားနိုင်ငံ၌   နှစ်ပေါင်း ၁၁၅ နှစ်အတွင်း  အဆိုးဆုံးဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုတို့ကြောင့် ဆိုးမြို့နှင့်အနီးဝန်းကျင်ဒေသများမှ  လူကိုးဦးသေဆုံးပြီး  ခြောက်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက သြဂုတ် ၉ ရက်တွင်ပြောသည်။ဆိုးမြို့ရှိနေရာအများအပြား၊ အင်ချွန်းဆိပ်ကမ်းမြို့နှင့် ချောင်ဂျီပြည်နယ်တို့၌ သြဂုတ် ၈ ရက်ညပိုင်းတွင် တစ်နာရီလျှင် မိုးရေချိန် ၁၀၀ မီလီမီတာနှင့်အထက်ရွာသွန်းကာ ဆိုးမြို့ ဒုံဂျက်အရပ်၌မူ ၁၄၁ ဒသမ ၅ မီလီမီတာအထိရွာသွန်းသည်။ထိုသို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ၊ မော်တော်ကားများ၊ အဆောက်အဦများနှင့် မြေအောက်မီးရထားဘူတာရုံများရေလွှမ်းမိုးခံရပြီး ဆိုးမြို့၌ငါးဦးသေဆုံးကာ လေးဦးပျောက်ဆုံးလျက်ရှိသည်။

အလားတူ ချောင်ဂျီပြည်နယ်၌ သုံးဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေကြောင်းနှင့် ဂန်ဝန်ပြည်နယ်၌ တစ်ဦးသေဆုံးကြောင်း အစိုးရတာဝန်ရှိသူများကထုတ်ပြန်ထားသည်။ထို့ပြင် ချောင်ဂျီပြည်နယ်မှ လူကိုးဦးဒဏ်ရာရရှိကာ ဆိုးမြို့ရှိ လူဦးရေ ၄၄၁ ဦးနှင့် မိသားစု ၃၂၈ စုတို့မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည့်အတွက် စာသင်ကျောင်းများနှင့်အခြားသောအဆောက်အဦများတွင်ခိုလှုံနေရကြောင်းသိရသည်။