မိုးသီးနှံ ကျွဲကောသီးနှင့်ကျန်းမာရေး

မိုးသီးနှံ ကျွဲကောသီးနှင့်ကျန်းမာရေး

ကျွဲကောသီး(Pomelo) သည် citric အက်စစ်  ခေါ် အချဉ်ဓာတ် အက်စစ်ပါရှိသော  သစ်သီး မျိုးနွယ်ဝင်ဖြစ်သည်။   ကမ္ဘာပေါ်ရှိအချဉ်သီး မျိုးနွယ်ထဲတွင်   အရွယ်အစားအကြီးမားဆုံး အမျိုးအစားဖြစ်သည်။ အရှေ့ တောင်အာရှနိုင်ငံများ ဖြစ်ကြသော တရုတ်နှင့်အိန္ဒိယနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး  ဂျပန်၊  ကာရေဘီယန်နှင့် အမေရိကန် ပြည်ထောင်စု တို့တွင်လည်း အများအပြား တွေ့မြင်ရတတ်သည်။ “တရုတ်ပြည်၏ ဂရိတ် ဖရုသီး” ဟု ခေါ်ဝေါ်လေ့ရှိပြီး တရုတ်ရိုးရာများ၌ “နိမိတ်ကောင်းတဲ့ မင်္ဂလာရှိ သောအသီး” အဖြစ် အခမ်းအနား များတွင် အသုံးပြုလေ့ရှိကြသည်။

အသီး၏ပုံသဏ္ဌာန်မှာ  လုံးဝန်းပြီး အချင်း ၃၀  စင်တီမီတာခန့်ရှိသည်။   ရေမြေသဘာဝနှင့် အမျိုးအစားပေါ်မူတည်၍  အသီး၏အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန်ရှိတတ်သည်။ အပြင်ပိုင်း အခွံအရောင်သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး အသီး မှည့်လာသောအခါ အဝါရောင်ပြောင်း သွားသည်။

၎င်းအခွံသည် အတန်ငယ်ထူသော်လည်း မာကျောခြင်း မရှိသည့်အတွက် ခွာရလွယ်ကူသည်။ ထိုအခွံအောက် တွင် ရေမြှုပ်သဏ္ဌာန် အဖြူရောင်အခွံအခေါက်တို့ ရှိသည်။ အသီးအမြွှာလေးများပေါ်တွင် အခွံပါး တစ်ထပ် ဖုံးအုပ်ထားပြီး ထိုအခွံပါးသည် အရသာခါး တတ်သဖြင့် ကုန်စင်အောင်နွှာပြီးမှစားကြသည်။  ဂရိတ်ဖရုသီး၏အရသာနှင့် ခပ်ဆင်ဆင်တူသည်။ သို့သော် ကျွဲကောသီးက မဆိုသလောက် အရသာခါးသက်သက်  ရှိသည်။ အသီးထဲရှိအသားသည်  များသောအားဖြင့် အဖြူရောင်ဖြစ်ပြီး ချိုချဉ်အရသာဖြစ်သည်။ ပန်းရောင် သို့မဟုတ် အနီရောင်အသီးတို့ကိုလည်းတွေ့ရတတ်ပြီး ထိုအမျိုးအစားက  အဖြူသီးထက်ပိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။  မြန်မာပြည်တွင်  မွန်ပြည်နယ် မော်လမြိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့တို့မှထွက်ရှိသော   ကျွဲကောသီးက အလွန် နာမည်ကြီးသည်။  မိုးရာသီ တွင် လှိုင်လှိုင်ပေါသည်။

ပုံမှန်အားဖြင့်  ကျွဲကောသီးကို သူ့ချည်းအစိတ် လိုက်အခွံနွှာ၍  စားကြသလို  ဖျော်ရည်အဖြစ် ဖျော်သောက်ကြသည်။ အချဉ်ဓာတ်ကဲသော ကျွဲကော သီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန်၊့ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့ဖြင့် ရောစပ်၍စားကြသည်။ ဟင်းလျာ အဖြစ် အသုပ်သုပ် စားနိုင်သည်။ တရုတ်နိုင်ငံတွင် ကျွဲကောသီး အခွံ၏အနံ့အရသာဖြင့် သကြားလုံးပြုလုပ်ကြသလို တရုတ် ရိုးရာအချိုပွဲ ဟင်းရည်အဖြစ် သောက်သုံးလေ့ရှိသည်။

ကျွဲကောသီးနှင့်ကျန်းမာရေး ဆေးပညာရှုထောင့်အရ   ၁၉၀ ဂရမ် အလေးချိန် ရှိသော ကျွဲကောသီးထဲတွင် ဆိုဒီယမ် ၂ မီလီဂရမ်၊ ကစီဓာတ် ၁၈ ဒသမ ၃ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၄ ဂရမ်၊ ဗီတာမင်စီ ၁၁၅ ဒသမ ၉ ဂရမ်၊ ကယ်စီယမ် ၈ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၂ မီလီဂရမ်၊ ဖော့စဖရက်စ် ၃၂ မီလီဂရမ်၊ ပိုတက်စီယမ် ၄၁၀ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၅ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၀၉၁ မီလီဂရမ်၊ မဂ္ဂနီစီယမ် သုည ဒသမ ၀၃၂ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၀၆၅ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၀၅၁ မီလီဂရမ်၊ နီအာစင် သုည ဒသမ ၀၄၁၈ မီလီဂရမ် နှင့် ကယ်လိုရီ ၇၂ စသည်ဖြင့် အသီးသီးပါရှိကြသည်။  အဆိုပါ အာဟာရဓာတ်များ ပေါကြွယ်ဝသည့်အတွက်  ကျွဲကောသီးက လူသားတို့ကျန်းမာရေးကို တစ်ဖက် တစ်လမ်းမှ များစွာအထောက်အကူပြုပေးနိုင်သည်။ အထူးသဖြင့် တရုတ်ရိုးရာဆေးမြီးတိုကုထုံးများတွင် ကျွဲကောသီးကို အသုံးပြုလေ့ရှိကြသည်။

Ä      ကျွဲကောသီး၏ အရည်(သဘာဝသတ္တုရည်)က   အစာအိမ်ကို  အယ်ကာလိုင်းအဖြစ်ဓာတ်ပြုပေး    နိုင်သဖြင့် အစာကို  ကောင်း စွာချေဖျက်ပေးနိုင်         သည်။ ထမင်းစားသောက်ပြီးနောက် အစာကြေ  ဆေးအဖြစ် ကျွဲကောသီးကိုမှီဝဲနိုင်သည်။ ဝမ်းချုပ်       ခြင်းမှလည်း ကင်းဝေးစေနိုင်သည်။

Ä      ကျွဲကောသီး၏အသားကို  ဖုံးအုပ်ထားသော       အဖြူရောင် အခွံပါးလွှာထဲတွင် bioflavonoid     ဓာတ်ပါရှိနေပြီး  ၎င်းဓာတ်က ခန္ဓာကိုယ်ထဲရှိ          ကင်ဆာဆဲလ်များပျံ့နှံ့မှုကို လျှော့ချပေးနိုင်စွမ်း ရှိသည်။  ထို့ပြင်  ခန္ဓာကိုယ်အတွက် ပိုလျှံသော         estrogen များကို ရှင်းလင်းပေးသည့်အတွက်          ရင်သားကင်ဆာဆဲလ်များ  ပြန့်ပွားမှုကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်သည်။  အစာအိမ်နှင့်မုန့်ချိုအိတ်ကင်ဆာ တို့ကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။ ထို့ပြင် အူမကြီးကင်ဆာ ဖြစ်မလာအောင်တားဆီးပေးနိုင်သည်။

Ä       ဗီတာမင်စီ အမြောက်အမြားပါရှိသည့်အတွက် သွေးလွှတ်ကြော များကို   ဆန့်ခြင်းကျုံ့ခြင်း  ပျော့ပျောင်းစေနိုင်သည်။   ထို့ပြင် pection

ဓာတ်ပါရှိသဖြင့် သွေးလွှတ်ကြောများပိတ်ဆို့မှုမဖြစ်စေဘဲ  သွေးကို ကောင်းစွာစီးဆင်း လည်ပတ်စေနိုင်သည်။  ထို့ကြောင့် ကျွဲကော သီးစားခြင်းဖြင့် နှလုံးကိုကျန်းမာစေသည်။  ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်း ဖြင့် ကိုလက်စထရောကျစေနိုင်သောကြောင့်   နှလုံးရော ဂါဖြစ်ပေါ်မှုအလားအလာကိုဟန့်တားပေးနိုင်သည်။

Ä      ခန္ဓာကိုယ်အလေးချိန်   ကျလိုသူများအတွက်            ကျွဲကောသီးက လွန်စွာကောင်းကျိုးပြုသည်။ အင်ဇိုင်းလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ထဲရှိ ကစီဓာတ်နှင့် သကြားဓာတ်တို့ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကျဆင်းစေသည်။ ထို့ပြင်         ကျွဲကောသီးထဲတွင် အမျှင်ဓာတ် အမြောက်အမြား      ပါရှိခြင်းကြောင့် အစာခံနိုင်ပြီး  မကြာခဏ  အစာစားချင်စိတ်ကိုမဖြစ်ပေါ်စေနိုင်တော့ပေ။

Ä  ကွဲျကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်    အတောက်များကို ဖယ်ထုတ်ပေးကာသွေးကို      သန့်စင်စေသည်။

Ä   ကျွဲကောသီးမှန်မှန်စားသုံးပေးခြင်းဖြင့် ပင်ပန်း      နွမ်းလျခြင်း၊ အိပ်မပျော်ဘဲမျက်စိကြောင်ခြင်း၊     လည်ပင်းနာခြင်းနှင့်  ဆီးချိုရောဂါတို့ ကိုသက်သာ  ကောင်းမွန်စေနိုင်သည်။  ကိုယ်ခံစွမ်းအား  တိုးတက် ကောင်းမွန်စေသဖြင့် ကူးစက်ဖျားနာ ရောဂါများမဖြစ်စေနိုင်တော့ပေ။

Ä      ကျွဲကောသီးထဲတွင်ပိုတက်စီယမ်အမြောက်အမြားပါရှိသည့်အတွက် သွေးကိုပုံမှန်ဖြစ်စေသဖြင့် သွေးတိုးရောဂါဝေဒနာသည်များစားသုံးသင့် သည်။ ကွဲျကောသီးက သွေးတိုးရောဂါပျောက်ဆေးဝါးများထက် ပိုမိုအစွမ်းထက်မြက်သည်ဟု                 ဆိုလိုသည်။

Ä      ပန်းနာရင်ကျပ်ကို  သက်သာပျောက်ကင်းစေ သည်။

Ä      ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင် ခြင်း အတွက် ကျွဲကောသီးစားပေးသင့်သည်။

Ä      ဗီတာမင်စီ  အမြောက်အမြားပါရှိခြင်းကြောင့်    အရေပြားပေါ်ရှိ အနာများကို ကျက်စေသည်။ သွားဖုံးသွေးယိုစီးခြင်းကို ကာကွယ်ပေးပြီး

သွားများကိုခိုင်မာစေသည်။  ခံတွင်းရနံ့ဆိုးများမဖြစ်ပေါ်စေတော့ပေ။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့်  ရာသီဖျားများကိုလည်း အလွယ်တကူ မကူးစက်စေနိုင်ပါ။

 Ä     ကျွဲကောသီးထဲတွင်ပါရှိသော ပိုတက်စီယမ်က  အရိုးပွခြင်း ကိုကာကွယ်ပေးနိုင်ပြီး အရိုးများ  ခိုင်မာစေသည်။ ထို့ပြင် ကြွက်သားများ ကျုံ့ခြင်းဆန့်ခြင်းကိုအားပေးသဖြင့် ခြေသလုံးကြွက်သား များ ကြွက်မတက် စေနိုင်ပေ။

Ä      သွေးအားနည်းရောဂါမှ  ကာကွယ်ပေးနိုင် သည်။ အသားအရေ အတွက် ကျွဲကောသီးအစွမ်း အသားအရေဆိုသည်မှာ ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို  လွှမ်းခြုံကာရံပေးထားသော အကြီးမားဆုံးအင်္ဂါတစ်ခု ဖြစ်သည့် အရေပြားကိုရည်ညွှန်းခြင်းဖြစ်သည်။ မိမိ၏ နိစ္စဓူ၀ နေထိုင်စားသောက်မှုကြောင့် ဝက်ခြံ၊ အဖု အပိမ့်နှင့်အစက်အပြောက်များ ထွက်လာနိုင်သလို  ကြည်လင်စိုပြည်သည့်  အသားအရေကိုလည်း ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ဘေးဥပဒ်ကင်းဝေးစွာဖြင့် အသားအရေလှပမှု အတွက် အထောက်အကူဖြစ်စေ သော အစားအစာများမှာ မူလသဘာဝ အရောင်အဆင်း အမျိုးမျိုးရှိသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် များသာဖြစ်ကြသည်။

ကျွဲကောသီးသည်  အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးမားဆုံး အသီးဖြစ်သည့် အလျောက်  ဗီတာမင်စီကြွယ်ဝစွာ ပါရှိနေခြင်းကြောင့် အရေပြားထဲ ကကိုလာဂျင်   ခေါ် အမျှင်ဆဲလ်ဓာတ်ကို ကျန်းမာပြီး တင်းရင်း စေသည့် အတွက် အသားအရေကို နုပျိုလှပစေကာ အမှန်ပင် အရွယ်တင် နုပျိုစေနိုင်သည်။ အထူးသဖြင့်  ကျွဲကောသီးအခွံထဲတွင်အသားအရေကို ဖြူစင်ဝင်းမွတ် စေသည့် ဆေးဖက်ဝင် အစွမ်းထက်မြက်သော အဆီ တစ်မျိုးပါရှိနေသည်။   ထိုအဆီကို အခြေခံ၍  မျက်နှာလိမ်းကရင်မ်၊ ကိုယ်လိမ်းကရင်မ်နှင့်ချိုင်းလိမ်း  RollOn  တို့ထုတ်လုပ်ကြသည်။ 

မပင်မပန်း အလုပ်မရှုပ်စေဘဲ မိမိအိမ်မှာပင် ကျွဲကောသီးဖြင့် ကျန်းမာ လှပသောအသားအရေကို ထိန်းသိမ်းနိုင်သည်။  ဦးစွာ  ရေချိုးပြီးနောက် အရည်ညှစ်ထားသော ကျွဲကောသီးအရည်ဖြင့် မျက်နှာ အနှံ့နှင့်ချိုင်းသားများ ကိုစိမ့်ဝင်အောင် လိမ်းပေးပါ သို့မဟုတ် ကျွဲကောသီး၏ အပေါ်ယံအခွံမာကိုညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့်   ချိုင်းသားများကို လိမ်းကျံပေးနိုင်ပါသည်။ နောက် ၁၅ မိနစ်ခန့်အကြာ  မျက်နှာနှင့် ချိုင်းသားများကို ရေအေးဖြင့်ပြန်လည်ဆေးကြောပါ။ ထိုသို့တစ်နေ့တစ်ကြိမ်   မှန်မှန်  လိမ်းပေးရုံမျှဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း ချိုင်းသားများ သိသိသာသာဖြူဖွေးလာပါလိမ့်မည်။

ထို့ပြင် မျက်နှာအသားအရေကို အစိုဓာတ်ထိန်းသိမ်း ပေးပြီး တင်းရင်းဝင်းစိုလာခြင်း၊  ချွေးပေါက်များပွင့်စေပြီး ဝက်ခြံပျောက်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။ 

မှတ်ချက်

(က)  အသားကို ဖုံးအုပ်ထားသော အဖြူရောင်        အခွံပါးသည် အတန်ငယ် ခါးသက်သက်ရှိ        သော်လည်း ကင်ဆာဆဲလ်များကိုကောင်းစွာ         နှိမ်နင်းနိုင်သည့်အတွက်  အခွံပါးကိုစားပေး        သင့်သည်။

(ခ)   အလေးချိန်စီးသောကျွဲကောသီးသည် အရည်        လည်းပိုရွှမ်းသည်။

(ဂ)   အဖြူရောင်အသီးထက် ပန်းရောင် သို့မဟုတ်        အနီရောင်အသီးတို့ကအရသာပိုချိုပြီး အာဟာရ        ဓာတ်လည်း ပိုမိုသည်။

(ဃ) အမှည့်လွန်ပြီး ပျော့နေသော အသီးများနှင့်        ဒဏ်ရာရှိနေသောအသီးများကို ရှောင်ရှား        သင့်သည်။

သတိပြုရန်

(က) လူအချို့က မွေးရာပါဗီတာမင်စီနှင့် ဓာတ်မတည့်        သူများရှိသည့်အတွက်  ဗီတာမင်စီကြွယ်ဝ        သော  ကျွဲကောသီးကို စားမိပါက  အရေပြား        ပေါ်တွင် အဖုအပိမ့်အနီစက်များထွက်ပြီး          အရေပြားရောင်ရမ်းစေတတ်သည်။

(ခ)   ဗီတာမင်စီကြွယ်ဝသော သီးနှံဖြစ်သဖြင့်         အလွန်အကျွံစားသုံးမိပါက  ကျောက်ကပ်        ကျောက်တည်ခြင်း၊   ဝမ်းချုပ်ခြင်း စသည့်                ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

(ဂ)   ကျွဲကောသီးကို   သံပရာသီးနှင့်တွဲဖက်မစား        သင့်ပေ။ သေစေနိုင်သည်။

“အာရောဂျံ ပရမံလာဘံ” ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါးဖြစ်ပေရာ  ရောဂါဖြစ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်း မွန်ဆုံးနည်းလမ်းဖြစ်သည်။    ယနေ့ကမ္ဘာပေါ်တွင် အဖြစ်များပြီး ကုသရန်ခက်ခဲသော ကင်ဆာရောဂါ ဆိုးကြီးများအတွက် ကျွဲကောသီးကတစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုပေးလျက်ရှိရာ ယခုလို မိုးရာသီတွင် ပေါပေါများများရနိုင်သော  သီးနှံတစ်ခုဖြစ်သည့် ကျွဲကောသီးကို ကင်ဆာကာကွယ်ဆေးအဖြစ် “အစာ

လည်းဆေး၊ ဆေးလည်းအစာ “ဆိုသလိုသင့်တင့်မျှတ စွာ  စားသုံးပေးကြစေလိုသည်။

 

ပေါက်ပေါက်