ရန်ကုန်အနောက်ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲဆု ချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပ

 

ရန်ကုန်အနောက်ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲဆု ချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  သြဂုတ် 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီ အသီးသီးတို့မှ ကော်မတီဝင်များ၊  အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်၊၊

ထို့နောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင်   ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့် ဘာသာရပ် အလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ အထူးဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ကြသည်၊၊

ယင်းနောက်  အဆို၊အက၊အရေး၊အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ဆုတံဆိပ် အများဆုံး ရရှိသော စမ်းချောင်းမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ဝန်ကြီးများက   တံခွန်စိုက်ဆု ချီးမြှင့်ပေးအပ်သည်။

ထို့နောက်  ဆုရရှိသူများ၏  ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီးဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။                         

ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂  ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကို သြဂုတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ရာ အဆိုပြိုင်ပွဲတွင် ၂၄ ဦး၊ အကပြိုင်ပွဲတွင် ၁၁ ဦး၊ အရေးပြိုင်ပွဲတွင် တစ်ဦး၊ အတီးပြိုင်ပွဲတွင် ၅၅ ဦး စုစုပေါင်း ၉၁ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။