အမေရိကန်က ခိုးယူခံရသော ဖိလစ်ပိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကိုပြန်ပေး

အမေရိကန်က ခိုးယူခံရသော ဖိလစ်ပိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကိုပြန်ပေး

အမေရိကန်အစိုးရက ကာလပေါက်ဈေး ဒေါ်လာသန်း ၇၀ တန်ဖိုးရှိ ခိုးယူခံရသော ဖိလစ်ပိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို သြဂုတ် ၈ ရက်တွင် ပြန်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါယဉ်ကျေးမှု အမွေအနှစ်များတွင် ရှေးဟောင်းခမာမြို့မှ အနုပညာပစ္စည်းများ သာမက ကမ္ဘာ့ဈေးကွက်အတွင်း ဆယ်စုနှစ်ပေါင်း များစွာကြာ တရားမဝင်မှောင်ခိုကူးခြင်း ခံရသည့် အနုပညာ ပစ္စည်းများလည်း ပါဝင်သည်။

ထိုယဉ်ကျေးမှု အမွေအနှစ်များကို မန်ဟက်တန်အစိုးရရှေ့နေ  ဒါမီယံဝီလီယံက အမေရိကန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ထံသို့   သတင်းထောက်များ ရှေ့မှောက်တွင် တရားဝင် ပေးအပ်ခြင်းဖြစ်သည်။ ယင်းရှေးဟောင်း ပစ္စည်းများအနက် ၁၀ ရာစုခန့်က လက်ရာဖြစ်သည့် ဒေါင်းတစ်ကောင်ပေါ် ထိုင်နေသော ဟိန္ဒူနတ် ကာတီးကီးယားနှင့်ဟိန္ဒူနတ်ဘုရား ဂနေးရှားရုပ်တုတို့ ပါဝင်ကာ ရှေးဟောင်း ခမာမြို့တော်ဖြစ်သည့် ခိုကားမြို့မှ ခိုးယူခံလိုက်ရခြင်းဖြစ်သည်။

ထို့ပြင် ကြေးခေတ်မှသည် ၁၂ ရာစုကာလအထိ လက်ရာများဖြစ်သော အဆိုပါ ရှေးဟောင်းပစ္စည်းများသည် ကမ္ဘောဒီးယား စစ်ပွဲဖြစ်ပွားသည့် အချိန်တွင် အခြားသော ရှေးဟောင်းပစ္စည်းများနှင့်အတူ ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။