တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၉ ရက်နှင့် ယနေ့တို့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြသီတာရေတံခွန်ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အာသောကာရုံ ရွှေကျင်စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ ဘန်ဘွေးကုန်းကျေးရွာရှိ ဘန်ဘွေးကုန်းကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ မြစေတီကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ လမ်းမဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်အောင်မြင်ဘုန်းတော်ကြီး ကျောင်းတိုက်၊ ရသေ့တောင်မြို့ရှိ တောင်လှမော်ဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင်ကျေးရွာရှိ အသောကာရာမ မစိုးရိမ် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သစ္စာအောင်မြေစံကျောင်း တိုက်၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာရှိ သာသနာ့လင်္ကာရလျှပ်စစ်ကျောင်း တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်းသတင်းရရှိသည်။