အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် နေထိုင်မည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား တိုက်ခန်းသောနှင့် နေထိုင်ခွင့်ကတ်ပြားများ ပေးအပ်

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် နေထိုင်မည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား တိုက်ခန်းသောနှင့် နေထိုင်ခွင့်ကတ်ပြားများ ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၀

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော် သားများ၏ မိသားစုဝင်များအား  နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြား ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော် သားများ၏ မိသားစုဝင်များအား နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများပေး အပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များက လက်ခံရယူကြပြီး တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက်အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုဝင်များအား စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။