ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထုတ်ပယ်ခံရနိုင်သည့် နည်းပြများ စာရင်း၌ အဲဗာတန်အသင်း နည်းပြလမ်းပတ် ထိပ်ဆုံးမှ ရပ်တည်နေ

ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထုတ်ပယ်ခံရနိုင်သည့် နည်းပြများ စာရင်း၌ အဲဗာတန်အသင်း နည်းပြလမ်းပတ် ထိပ်ဆုံးမှ ရပ်တည်နေ

ဗြိတိန်အခြေစိုက် နာမည်ကြီး ဘွက်ကီဝက်ဘ်ဆိုက် ဖြစ်သည့် Betfair က ဖော်ပြခဲ့သည့် ယခုဘောလုံးရာသီ  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် အဲဗာတန်အသင်း နည်းပြလမ်းပတ်က ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။

အဲဗာတန်အသင်းနည်းပြ လမ်းပတ်သည် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေရာမှ ပြီးခဲ့သည့် ဘောလုံးရာသီက အဲဗာတန် အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး နည်းပြလမ်းပတ်အနေဖြင့်  အဲဗာတန်အသင်းနှင့် အတူ ရလဒ်ကောင်းများ ရရှိရန် ရုန်းကန်ခဲ့ရကာ တန်းမဆင်းရရန်အတွက်ပင် နောက်ဆုံးပွဲစဉ်အထိ ကစားခဲ့ရခြင်းဖြစ်သည်။

ယခုဘောလုံး ရာသီတွင်လည်း ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အပြီး    ထုတ်ပယ်ခံရနိုင်သည့် နည်းပြများ စာရင်းတွင် လမ်းပတ်က ထိပ်ဆုံးမှ ပါဝင်လာခဲ့ပြီး ၎င်း၏နောက်တွင် ဆောက်သမ်တန်အသင်း နည်းပြဟာဆမ် ဟူတယ်၊ လိဒ်အသင်းနည်းပြ ဂျေစီမက်၊ လက်စတာ အသင်းနည်းပြရော်ဂါ၊  ဖူလ်ဟမ်အသင်း နည်းပြမာကို ဆေးလ်ဗား၊ အက်စ်တွန်ဗီလာအသင်း နည်းပြဂျရတ်၊ ဝုဗ်အသင်းနည်းပြဘရူနို၊ ဘုန်းမောက်အသင်း နည်းပြ ပါ့ကား၊ နယူးကာဆယ်အသင်း နည်းပြဟိုဝီ၊ ချယ်လ်ဆီး အသင်း နည်းပြတူချယ်၊ ပဲလေ့စ်အသင်း နည်းပြဗီယာရာ၊အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ နော်တင်ဟမ်အသင်း နည်းပြ    ကော်ပါနှင့် မန်ယူအသင်း နည်းပြဟန်ဟတ်တို့က  အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။