CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို

CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့အသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်

နေပြည်တော်၊ ဩဂုတ် - ၁၂

နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

ထိုသို့ သဘောထားထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေ သော အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ရာတွင် ၃၁၅၆ ဦး၊ ရေးဖွင့် ထားသည့်အမှုများအား ပိတ်သိမ်းရန် ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူများအနက်မှ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ဖိတ်ခေါ်ရာတွင် ၂၃၁ ဦး ပြန်လည် ဝင်ရောက်လာပြီးဖြစ်သည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံပေးခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း တို့ကြောင့် ယခုအခါတွင် ပြန်လည်ဝင်ရောက်လာသူများနှင့် ပြန်လည်ဝင်ရောက် လိုသူများ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား  ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိ သည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား နယ်စပ်ဒေသအသီးသီးတွင် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်လက်ခံသကဲ့သို့ နီးစပ်ရာ မြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြု ထားသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ အသီးသီးတို့သို့  ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းများနှင့် အညီနေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ