အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၂

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဩဂုတ် ၁၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ    အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ဒိုင်းဆုရရှိသော အသင်းနှင့် ဒိုင်အဖွဲ့ဝင် များအတွက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် လက်ဆောင် ပစ္စည်းများအား  အသီးသီးပေးအပ်ကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။