အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် မဟာပဋ္ဌာန်းပူဇော်ပွဲ  ဖွင့်ပွဲ  ပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် မဟာပဋ္ဌာန်းပူဇော်ပွဲ  ဖွင့်ပွဲ  ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၂

အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် မဟာပဋ္ဌာန်းပူဇော်ပွဲ  ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ သာသနဝံသဓမ္မာရုံ၌ ပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဉာကိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား အာရုဏ် ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက    နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ တိုက်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇဝံသ က ပဋ္ဌာန်းရောင်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ သုမန ထံမှ ဩဝါဒကထာ နာကြား   ခဲ့သည်။

၎င်းနောက် သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေယ ပါဋ္ဌိတော်ကို သံပြိုင်(၃)ကြိမ် ရွတ်ဖတ်ပူဇော်၍  အလှည့်ကျ ပဌာနဘာဏက ဆရာတော် က  ပဋ္ဌာန်းဒေသနာတော် ကို စတင်ရွတ်ဖတ်ပူဇော်ခဲကြောင်း သတင်းရရှိသည်။