တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုချီးမြှင့်

တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဩဂုတ် - ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများအား တာဝန်ကျေပွန်စွာထမ်းဆောင် ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ များပေးအပ်ခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။