ဒိုက်ဦးမြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ဆန်တစ်ပြည် ငွေကျပ် ၁၆၀၀ ဖြင့် ရောင်းချပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း(အရှေ့)နှင့် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍မြို့နယ်အတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက်  ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၆၀၀ နှုန်းဖြင့် သြဂုတ် ၁၆ ရက်တွင် အမှတ် ၆ မင်းတဲရပ်ကွက်နှင့် အမှတ် ၅ သံတံတားရပ်ကွက်အတွင်း၌ ရောင်းချပေးလျက်ရှိသည်။    

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး  ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိပြည်သူများ  ဆန်စားသုံးမှု အခက်အခဲမရှိစေရန် သတ်မှတ်ရက်နေ့အလိုက် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။