ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်  

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်  

နေပြည်တော် သြဂုတ် ၁၉

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ   ဆောင်ရွက်နေသည့် ကာလအတွင်း     ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍  ပြည်ထဲရေးဝန်ကြီးဌာန၊  တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ကံဦးပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့နယ်ရှိ    မဟာဂန္ဓာရုံတိုက်သစ် ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊  တမူးမြို့နယ်ရှိ ဇမ္ဗူရတနာကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊  သရက်ချောင်းမြို့နယ်ရှိ မော်ရှည်ကုန်းကျောင်းတိုက်သို့လည်းကောင်း၊  မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်ရှိ အောင်မြေရတနာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ    အောင်မြေဘုံစံကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်   ဆွမ်းဆန်တော်များကို   ပြည်ထဲရေးဝန်ကြီးဌာန၊  တပ်ဖွဲ့/ဦးစီးဌာနများမှ  သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ   တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။