(၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့တက်ရောက်ရန်ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ

(၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့တက်ရောက်ရန်ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ

နေပြည်တော်၊ ဩဂုတ်- ၂၀

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့်(၁၆)ကြိမ်မြောက်အာဆီယံ ရေတပ် ဦးစီးချုပ်များအစည်းအဝေး(16th ASEAN Navy Chiefs’ Meeting- 16th ANCM) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။