တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့ရှိ အောင်မြေသာယာသီလရှင်စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ အမှတ်(၃/က)ရပ်ကွက်ရှိ ကံသုံးဆင့်စာသင်တိုက်၊ တွံတေးမြို့နယ်၊ အလံအုပ် ကျေးရွာရှိ ကျိုက်ပါဓမ္မသုခရိပ်သာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ သမိဒ္ဓေါဒယ ပရိယတ္တိသီလရှင်စာသင်တိုက်၊ စစ်တွေမြို့နယ်ရှိ အောင်မင်္ဂလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာရှိ ကမ္ဘာအေးကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိကျောင်း၊ မြစ်သား မြို့နယ်၊ မြဂနိုင်ကျေးရွာရှိ အမတသုခသီလရှင်စာသင်တိုက်၊ မကွေးတိုင်း ဒေသကြီး၊ အထက်မင်းလှမြို့ရှိ စာကြောပရိယတ္တိစာသင်တိုက်၊ မဟာအောင်မြေ သီလရှင် စာသင်တိုက်နှင့် ဆင်ပေါင်ဝဲမြို့နယ်ရှိ စည်တိုင်းဘုန်းတော်ကြီးကျောင်းတို့မှ  သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီး သီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြစ်သားဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ဆည်တပ်နယ်မှ တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွား ရောက် လှူဒါန်းပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။