ကျိုင်းတုံမြို့၌ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်

ကျိုင်းတုံမြို့၌ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာ တော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရပ်တော်မူဘုရားကြီး၌ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘုန်းတော်ကြီးကျောင်း ၄၂ ကျောင်းမှ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင် စုစုပေါင်း အပါး ၃၀၀ တို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။