တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ချင်းကုန်းကျေးရွာရှိ တုမူလသောမကျောင်းတိုက်၊ သန်လျင်မြို့နယ်ဦ ငါးပြေမ ကျေးရွာရှိ အနောက်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နိဂြောဓါရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၊ ကွင်းကောက်မြို့ရှိ သီရိမင်္ဂလာကျောင်းကြီး စာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ သီရိရတနာ ဘုန်းတော်ကြီးကျောင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးကျေးရွာရှိ ရွာဦး ဘုန်းတော်ကြီးကျောင်း၊ (၇)မိုင်ကျေးရွာရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း၊ အုန်းတခူးကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သားမျှား ကျေးရွာရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း၊ တို့မှ  သံဃာတော်များ နှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဆင်းရွှေလီဘိုးဘွားဗိမ္မာန်နှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပ/ကျားထူးကျေးရွာရှိ မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အလှူငွေများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။