အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၂

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရွှေဘိုတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ် ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပူဖောင်းများကို ပစ္စတိုဖြင့် ပစ်ဖောက်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား၊ အမျိုးသမီး ပစ္စတိုထိလဲပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်(အမျိုးသား၊ အမျိုးသမီး) အသင်း ၈ သင်းစီဖြင့် ဩဂုတ် ၂၇ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။