၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဘိလိယက်နှင့် စနူကာပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  သြဂုတ်  ၂၂

၂၀၂၂ ခုနှစ်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံဘိလိယက်နှင့်  စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို  ယနေ့မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့   အောင်ဆန်းအားကစားပြိုင်ဝင်း၌ ကျင်းပရာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်   တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမင်းနိုင်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက   ဗိုလ်လုပွဲ ကစားနေမှုများအား   ကြည့်ရှု အားပေးပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုတံဆိပ် အများဆုံးရရှိသည့်   ဗိုလ်တထောင်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။ ၂၀၂၂ ခုနှစ်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ ဘိလိယက်နှင့်  စနူကာပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  မြို့နယ်၃၈ မြို့နယ်မှ  အားကစားသမား ၁၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ကြက်တောင်ပြိုင်ပွဲဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ကျုံးကြီးလမ်းရှိ  အမျိုးသားကြက်တောင် အားကစားခန်းမ၌ သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းက တံခွန်စိုက်ဒိုင်းဆုကို ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီးနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ဟိန်းထွဋ်၊ ကယားပြည်နယ်မှ ငါးမြှာတို့အား ဆုတံဆိပ်နှင့်   ချီးမြှင့်ငွေများကို လည်းကောင်း၊ အမျိုးသားအသင်းလိုက်နှင့်  အမျိုးသမီး အသင်းလိုက်တို့တွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား  တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။           

 လင်းခန့်