ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  သြဂုတ်  ၂၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊  ဌာနအဖွဲ့အစည်း (၁၉)ခုမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ (၆)လပတ်ကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းပြောကြားပြီး ဌာနအကြီးအကဲများက ဌာနအလိုက် ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းအင်အား အခြေအနေ၊ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ စီမံကိန်းများ အကောင်အထည် ဖော်နိုင်မှု၊ ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားရေး လေ့ကျင့်သင်ကြားမှုများ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်မှု၊ အသစ်ရေးဆွဲမှု၊ (၆)လပတ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ အထွေထွေကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို  အသီးသီး ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနအလိုက် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်သင့်သည်များကို  လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။