တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၄

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာရှိ ဇေယျသီတာရုံ ကျောင်းတိုက်၊ ဇေယျသုခေသီတာရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/က)ရပ်ကွက်ရှိ စက္ကဝဠာကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ မင်းရွာကျေးရွာရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့ရှိ သီတာရုံကျောင်းတိုက်၊ အိမ်မဲမြို့ရှိ ဓမ္မမေဒနီကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မဟာဂန္ဓတာရုံ အေးရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်တွေမြို့ရှိ နာရီကန်တပ်ဉီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ရတနာအောင်သိဒ္ဓိ ဘုန်းတော်ကြီး ကျောင်း၊ တောင်ကုတ်မြို့ရှိ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာယာရပ်ကွက်ရှိ သဒ္ဓမ္မနဒီသီလရှင်စာသင်တိုက်၊ လယ်ယားတောင် ကျေးရွာရှိ မြတ်ရွှေဂူစာသင်တိုက်၊ အင်ပင်ကျေးရွာရှိ ဆုပန်တောင်ဘုန်းတော်ကြီးကျောင်းနှင့် ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာရှိ အရှေ့ဘုန်းတော်ကြီးကျောင်းတို့မှ  သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာနှင့် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေထွက်ကျေးရွာရှိ ကျောက်ပန်းတောင်း ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြကြောင်းနှင့် နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။