ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်  - ၂၆

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို တစ်ဖက် တစ်လှမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်အနေဖြင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းများ၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း၌ DYL ဝက်မွေးမြူထားရှိမှု၊ ဉစားကြက်မွေးမြူထားရှိမှု၊ အသားတိုးကြက်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ ငါးခူငါးမွေးမြူထားရှိမှု၊ ကြက်စာသိုလှောင်ထားရှိမှုနှင့် ဝက်စာသိုလှောင်ထားရှိမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။