တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ချမ်းမြေ့သိင်္ဂီသီလရှင်စာသင်တိုက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ ပိန်းအွယ်ဓမ္မရိပ်သာကျောင်းတိုက်၊ ကျောင်းခမ်းပရိယတ္တိ စာသင်တိုက်နှင့် မြို့လယ်မင်္ဂလာရုံကျောင်းတိုက်၊ ကွတ်ခိုင်မြို့ရှိ တောင်တန်းဒေသ ထေရ်ရဝါဒဗုဒ္ဓဘာသာ သာသနာပြုကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သပြေချောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်ရှိ မြကန်သာကျောင်းတိုက်၊ ဒလမြို့နယ်၊ သက်ကယ်ကွင်း ကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လက်ဝဲသလုံးတော်ဓာတ် ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းနှင့် ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ဖလန်ပင်ကုန်း ကျေးရွာရှိ ဖလန်ပင်ကျောင်းတိုက်၊ ကျောက်ဆည်မြို့ရှိ ဝေဘူချောင်သီလရှင်ကျောင်း တိုက်၊ မကွေးတိုင်းဒေသကြီး၊ ဆုံကုန်းကျေးရွာရှိ ဆုံကုန်း(အနောက်)ဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။