မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၉

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်(အမျိုးသား၊ အမျိုးသမီး) အသင်း ၉ သင်းစီဖြင့် စက်တင်ဘာ ၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။