KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ပျက်စီးမှုအား ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့် လျှပ်စစ်ဝန်ထမ်းများအား ချောင်းမြောင်းပစ်ခတ်၊ ဝန်ထမ်း ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ပျက်စီးမှုအား ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့် လျှပ်စစ်ဝန်ထမ်းများအား ချောင်းမြောင်းပစ်ခတ်၊ ဝန်ထမ်း ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ် - ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါ တိုင် ၂ ခု အား ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိသည့် သတင်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်အချို့တွင် ဓာတ်အားပြန်လည် ပေးအပ်နိုင်ရေးအတွက် မော်လမြိုင်မြို့၊ မဟာဓာတ်အားလိုင်းမှူးရုံးမှ ကျွမ်းကျင် ဝန်ထမ်းများက တာဝါတိုင်များအား ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူး-ကမာနစ် - စစ်တောင်း- သထုံ- မော်လမြိုင်- ကျုံဒိုး -ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ- ကော့က ရိတ်-သင်္ကန်း ညီနောင်-မြဝတီသို့ ဆက်သွယ်ထားသည့် မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါ တိုင်အမှတ်၊ ၁၇၂ အား ပြင်ဆင်ဆောင်ရွက်လျက်ရှိစဉ် ယနေ့ညနေ ၃ နာရီ ၂၀ မိနစ် ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား၂၀ ဦး ခန့်က အာရ်ပီဂျီ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်ဖြောင့်သေနတ်များ၊ လက်နက် ငယ်များဖြင့် လာရောက်နှောင့်ယှက်ချောင်းမြောင်းပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှု ကြောင့် မဟာဓာတ်အားလိုင်းမှူးရုံးမှ ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးတွင် ဒဏ်ရာ များ အသီးသီးရရှိခဲ့သည်။ ဒဏ်ရာရဝန်ထမ်းများအား ကော့ကရိတ်မြို့ နယ်မြေခံ ဆေးတပ်ရင်းသို့ ပို့ဆောင် ၍ လိုအပ်သည့်ဆေးဝါးများ ကုသပေး လျက်ရှိသည်။

ယခုကဲ့သို့ လျှပ်စစ်ဝန်ထမ်း များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးလျက်ရှိ ကြောင်းနှင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။