စက်တင်ဘာပထမပတ် တစ်ပတ်တာ ကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၈၀ ကျော်ရရှိ

စက်တင်ဘာပထမပတ် တစ်ပတ်တာ ကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၈၀ ကျော်ရရှိ

    ရန်ကုန်စတော့အိတ်ချိန်း၌  စက်တင်ဘာပထမပတ် တစ်ပတ်တာ ကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ခုနစ်ခု၏    စတော့ရှယ်ယာ ရောင်းဝယ်မှုများမှ     ငွေကျပ် သန်း ၂၈၀ ကျော်ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

ထိုသို့ အရောင်းအဝယ်ဖြစ်ခဲ့ရာတွင် သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ တစ်ပတ်တာ ကာလအတွင်း စတော့ရှယ်ယာ အစောင်ရေ ၈၇၈၆၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် သန်း ၂၈၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယခုကဲ့သို့  အရောင်းအဝယ်ဖြစ်ခဲ့ရာတွင်     စာရင်းဝင် ကုမ္ပဏီအားလုံးမှာ      ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ကထက် အရောင်းအဝယ် ပိုမိုမြင့်တက်ခဲ့သည်။

သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ   တစ်ပတ်တာ ကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ် ပြုလုပ်သော စာရင်းများမှာ First Myan-mar Investment Public Co., Ltd.(FMI) မှ စတော့ရှယ်ယာ အစောင်ရေ ၅၆၂၈  စောင်မှ  စတော့ရှယ်ယာတန်ဖိုး  ငွေကျပ်  ၄၂၆၄၁၆၀၀ အထိအရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက်     စတော့ရှယ်ယာ အစောင်ရေ လေးပုံသုံးပုံကျော် အရောင်းအဝယ်မြင့်တက်ခဲ့သည်။

Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH)မှ စတော့ရှယ်ယာ အစောင်ရေ ၇၂၅၇၂ စောင်မှ စတော့ရှယ်ယာ တန်ဖိုး   ငွေကျပ်  ၁၈၅၆၇၂၉၅၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ   လေးပုံသုံးပုံခန့်   အရောင်းအဝယ် မြင့်တက်ခဲ့သည်။

Myanmar Citizens Bank Ltd.(MCB)မှ စတော့ရှယ်ယာ အစောင်ရေ ၆၃၇   စောင်မှ   စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၄၄၆၀၉၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ   ၆၀၀    ကျော် အရောင်းအဝယ်မြင့်တက်ခဲ့သည်။

First Private Bank Ltd.(FPB)မှ   စတော့ရှယ်ယာ အစောင်ရေ ၈၁၂ စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၅၀၂၁၅၀၀   အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ လေးပုံတစ်ပုံကျော် အရောင်းအဝယ် မြင့်တက်ခဲ့သည်။

TMH Telecom Public Co., Ltd.မှ  စတော့ရှယ်ယာ အစောင်ရေ  ၁၆၄၂ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၃၈၉၁၃၀၀   အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ  လေးပုံတစ်ပုံခန့်  အရောင်းအဝယ် မြင့်တက်ခဲ့သည်။

Ever Flow River Group Public Co.,Ltd.(EFR) မှ   စတော့ရှယ်ယာ အစောင်ရေ   ၅၅၉   စောင်မှ  စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၃၅၃၀၅၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက်   စတော့ရှယ်ယာ အစောင်ရေ ၅၀၀ ကျော်  အရောင်းအဝယ် မြင့်တက်ခဲ့သည်။

ထို့ပြင် Amata Holding Public Co., Ltd. (AMATA)မှ စတော့ရှယ်ယာ အစောင်ရေ  ၆၀၁၁  စောင်မှ  စတော့ ရှယ်ယာတန်ဖိုး ငွေကျပ် ၂၉၄၅၄၈၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် အရောင်းအဝယ် မြင့်တက်ခဲ့ကြောင်း သိရသည်။