မွန်ပြည်နယ်အားကစားဥယျာဉ်၌ အားကစားရုံဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်တင် မင်္ဂလာပြုလုပ်

မွန်ပြည်နယ်အားကစားဥယျာဉ်၌ အားကစားရုံဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်တင် မင်္ဂလာပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မွန်ပြည်နယ်အားကစားဥယျာဉ်၌ အားကစားရုံဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့၊ ပြည်နယ် အားကစားဥယျာဉ်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  အားကစားသမား များ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက မွန်ပြည်နယ်အားကစားဥယျာဉ်၌ အားကစားရုံတည် ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစားရုံဆောက်လုပ်မည့် မြေနေရာအား ပန္နက်တော်တင်မင်္ဂလာပြုလုပ်ရန် သတ်မှတ်နေရာများ၌ အသီးသီးနေရာယူကြပြီး မင်္ဂလာချိန်တွင် ပန္နက်တင်ခဲ့ကြောင်း သတင်းရရှိသည်။