သဇင်အသံလွှင့်ဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်း

သဇင်အသံလွှင့်ဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းခေါ်ယူခြင်း

၁။ လျှောက်ထားသူသည်-

    (က)ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်။

    (ခ) ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့တွင် အသက် ၃၀ နှစ်ထက်မကျော်စေရ။ အိမ်ထောင်သည်များပါ လျှောက်ထားနိုင်သည်။

    (ဂ) အသံကောင်းမွန်ပြီး အနုပညာစိတ်ဝင်စားသူဖြစ်ရမည်။

    (ဃ)တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

    (င) တူရိယာပစ္စည်းတစ်မျိုးမျိုးတီးခတ်နိုင်သူ   (သို့မဟုတ်)   အသံကောင်းမွန်သူ (သို့မဟုတ်) တိုင်းရင်းသား ဘာသာ စကားများထဲမှ ဘာသာစကား တစ်မျိုးမျိုး တတ်ကျွမ်းသူဖြစ်ရမည်။

၂။ အလုပ်လျှောက်လွှာများကို  မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်၊ သဇင်အသံလွှင့်ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၃၃-၆၀၁၇၀ သို့ ဆက်သွယ်၍ဖြစ်စေ အခမဲ့ ထုတ်ယူနိုင်ပါသည်။

၃။ အလုပ်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရမည်။

၄။ အချက်အလက်ပြည့်စုံသော အလုပ်လျှောက်ထားသူများ၏ လူတွေ့ အင်တာဗျူးအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက အမှတ်(၁)တပ်မတော် အသံလွှင့်တပ်၊ သဇင်အသံလွှင့်ဌာန၊ ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်းနံပါတ် ၀၃၃-၆၀၁၇၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။