၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲ ရုံ (၁) ၌ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်တွင် ကျင်းပ ရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးမောင်မောင်လွင်နှင့်  တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ    အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ် အားကစား သမားများနှင့်     နိုင်ငံတကာ အဆင့်မီ စစ်တုရင်အားကစားသမားများ  စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး၊ မြန်မာ့စစ်တုရင် အဆင့်အတန်း  တိုးတက်မြင့်မားရေးတို့ အတွက် ယင်းပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ စစ်တုရင်အားကစားနည်းသည် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို  အခြေခံထားသော  အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့်   မိမိတို့ကိုယ်စားပြုသော ပြည်နယ်နှင့်   တိုင်းဒေသကြီး၏ ဂုဏ်ကို မြှင့်တင်နိုင်ပြီး မြန်မာ့လက်ရွေးစင် အသင်းကြီးကို   အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် စစ်တုရင် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားယှဉ်ပြိုင်ကြရန်  လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင်    နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင် အသင်း ၁၄ သင်းတွင် အားကစားသမား ၁၄၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို  စက်တင်ဘာ    ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။