ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်တို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး LED ဆိုင်းဘုတ်များ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်တို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး LED ဆိုင်းဘုတ်များ စိုက်ထူ

နေပြည်တော်၊ စက်တင်ဘာ - ၇

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီး ထောင့်မြို့၊ သာပေါင်းမြို့၊ ကျုံပျော်မြို့၊ ကျောင်းကုန်းမြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ အိမ်မဲမြို့၊ မအူပင်မြို့၊ ဖျာပုံမြို့၊ ဒေးဒရဲမြို့နှင့် ပန်းတနော်မြို့များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ ပူးပေါင်း၍ Mask များအား ဒေသခံပြည်သူများလက်ဝယ်အရောက် ပေးဝေ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာ၊ လမ်းမတော်မြို့နယ်ရှိ City Mall St. John နှင့် မြန်မာဆိပ်ကမ်းအာဏာပိုင် (ကျန်းမာရေးဆိပ်ကမ်းဝင်းအတွင်း)၊ မရမ်းကုန်းမြို့နယ်ရှိ မြို့ပြအိမ်ရာ (တောင်ဘက်ခြမ်း)၊ ပြည်လမ်းနှင့်လေဆိပ်လမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ Ocean Super Center ၊ Myanmar Plaza နှင့် ဆရာစံလမ်းကြော်ငြာဆိုင်းဘုတ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် LED ကြော်ငြာဘုတ်များဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို စက်တင်ဘာ ၆ ရက်မှစတင်၍ ကြော်ငြာပေးလျက်ရှိကြောင်း သတင်းရရှိသည်။