နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

နေပြည်တော် စက်တင်ဘာ - ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံ ဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်ခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ နိုင်ငံပိုင် အာကာသ ကော်ပိုရေးရှင်း ROSCOSMOS ၏ အကြီးအကဲဖြစ်သူ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ သိပ္ပံနှင့်နည်းပညာ နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လေကြောင်းနှင့်အာကသနယ်ပယ်ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံ အာကာသနည်းပညာအေဂျင်စီ ROSCOSMOS အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)အတွင်း၌ တွေ့ဆုံ၍ ဘွဲ့လွန်သင်တန်းသား​များစေလွတ်​ရေး၊ ဘွဲ့ကြို​ကျောင်းသားများ လက်ခံ သင်ကြား​ပေး​ရေး၊ ဆေးတက္ကသိုလ်များအချင်းချင်း ပူး​ပေါင်း​ဆောင်ရွက်ရန် နားလည်မှု စာချွန်​​လွှာ လက်မှတ်​ရေးထိုး​ရေး၊ ဆေးရုံများအချင်းချင်းပူး​ပေါင်း​ဆောင်ရွက်​ရေး၊ ကူးစက်မြန် ကပ်​ရောဂါထိန်းချူပ်​ရေး၊ ပူးပေါင်း​ဆောင်ရွက်​ရေး၊ မြန်မာနိုင်ငံ ကျန်းမာ​ရေး ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများကို ရင်းနှီးစွာ​ဆွေး​နွေးခဲ့ကြောင်း သတင်းရရှိသည်။