ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီသည့် ကလပ်အသင်း သုံးသင်းနှင့် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်သော ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး လီဝန်ဒေါစကီး စံချိန်သစ်တင်

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီသည့် ကလပ်အသင်း သုံးသင်းနှင့် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်သော ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး လီဝန်ဒေါစကီး စံချိန်သစ်တင်

ဘာစီလိုနာအသင်း တိုက်စစ်မှူး  လီဝန်ဒေါစကီးသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားသော ဗစ်တိုးရီးယားပယ်ဇန် အသင်းကို အနိုင်ရရှိသည့် ပွဲစဉ်တွင် ဟက်ထရစ်ဂိုး သုံးဂိုး သွင်းယူနိုင်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီသည့် ကလပ်အသင်းသုံးသင်းနှင့် ဟက်ထရစ်သွင်းဂိုး သွင်းယူ နိုင်သော ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည်   ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် ဒေါ့မွန်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်း နှင့် လက်ရှိ ဘာစီလိုနာအသင်းတု့ိ၌ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဒေါ့မွန်အသင်းနှင့်  ဟက်ထရစ်သွင်းဂိုး  တစ်ကြိမ်၊  ဘိုင်ယန်မြူးနစ် အသင်းနှင့် ဟက်ထရစ်သွင်းဂိုး လေးကြိမ်နှင့် ယခုအခါ ဘာစီလိုနာအသင်းနှင့် ပထမအကြိမ် ဟက်ထရစ်သွင်း ဂိုးစတင်သွင်းယူနိုင်ပြီးနောက် စံချိန်ကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပီအက်စ်ဂျီ အသင်းတိုက်စစ် ကစားသမား မက်ဆီနှင့် မန်ယူအသင်း တိုက်စစ်မှူး   စီရော်နယ်ဒိုတို့က   ဟက်ထရစ်သွင်းဂိုး ရှစ်ကြိမ်စီ ရရှိထားသော်လည်း မက်ဆီက ဘာစီလိုနာ အသင်းနှင့်သာ  ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး စီရော်နယ်ဒိုမှာလည်း ဂျူဗင်တပ်စ်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့်သာ ရရှိခဲ့ခြင်းဖြစ်ကာ မန်ယူအသင်းနှင့် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။