ဘောလုံးရာသီအစတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး  ရက်ရှ်ဖို့ဒ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မန်ယူအသင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

ဘောလုံးရာသီအစတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး  ရက်ရှ်ဖို့ဒ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မန်ယူအသင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

မန်ယူအသင်းက   လက်ရှိဘောလုံးရာသီအစတွင် အသင်းနှင့်အတူ  အကောင်းဆုံးခြေစွမ်းပြနေသည့်  တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆို ရန်   ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း    သိရသည်။

အသက် ၂၄ နှစ်အရွယ် ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက  ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီး နောက်  ပြန်လည်ကစားခဲ့သည့် ပွဲစဉ်များတွင်  ပုံမှန် ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက်    ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်းနှင့် အနာဂတ်မတည်မငြိမ် ဖြစ်ခဲ့သော်လည်း ယခုဘောလုံးရာသီ အစပိုင်းပွဲစဉ်နှစ်ပွဲတွင် ပုံစံကောင်း ပြန်လည်ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည်   လီဗာပူးအသင်းနှင့်   ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သကဲ့သို့    အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင်လည်း  နှစ်ဂိုးအထိ သွင်းယူနိုင်ပြီး  ခြေစွမ်းပြနိုင်ပြီးနောက်  မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်   မန်ယူအသင်းနှင့်  ရက်ရှ်ဖို့ဒ်တို့၏ စာချုပ်သက်တမ်းမှာ   တစ်နှစ်သာကျန်ရှိတော့ပြီး   လာမည့် ဘောလုံးရာသီ ကုန်ဆုံးလျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ  ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူလို သည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Ref;Manchester Evening News