၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ

၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  စက်တင်ဘာ  ၁၃

ဂျပန်နိုင်ငံ တိုကျိုမြို့၌ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ  ကျင်းပမည့် ၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်း အားကစား ပြိုင်ပွဲ (Asia Junior Sports Exchange Games 2022) သို့   ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူ လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားသည်။

အဆိုပါအားကစားအဖွဲ့ကို  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ   ဦးကျော်ကျော်၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး    ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးအောင်မိုးနှင့် တာဝန် ရှိသူများက   လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

၂၀၂၂   ခုနှစ်   အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2022) သို့ သွား ရောက်ယှဉ်ပြိုင်မည့်   မြန်မာအားကစား အဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး  ဦးနိုင်လင်းအောင်တို့ နှင့်အတူ ကြက်တောင် အားကစားနည်းမှ အုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦး၊ အမျိုးသား အားကစားသမားသုံးဦး၊ အမျိုးသမီး အားကစားသမားသုံးဦး၊ စားပွဲတင်တင်းနစ် အားကစားနည်းမှ   အုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦး၊   အမျိုးသား အားကစားသမားသုံးဦး၊ အမျိုးသမီး အားကစားသမား နှစ်ဦး၊ Para Badminton ပြိုင်ပွဲယှဉ်ပြိုင်ရန် နည်းပြတစ်ဦး၊ အမျိုးသား အားကစားသမား တစ်ဦး၊ Para Table Tennis ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နည်းပြတစ်ဦးနှင့် အမျိုးသား အားကစားသမား   တစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။