လီဗာပူးအသင်း တောင်ပံကစားသမား ရော်ဘတ်ဆန် လေ့ကျင့်ရေး အစီအစဉ်တွင် ဒဏ်ရာရရှိသည့်အတွက် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူရမည်

လီဗာပူးအသင်း တောင်ပံကစားသမား ရော်ဘတ်ဆန် လေ့ကျင့်ရေး အစီအစဉ်တွင် ဒဏ်ရာရရှိသည့်အတွက် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူရမည်

လီဗာပူးအသင်း တောင်ပံကစားသမား ရော်ဘတ်ဆန်သည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ဒဏ်ရာရရှိသည့်အတွက် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း  နည်းပြကလော့က  အတည်ပြုကြေညာခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ရော်ဘတ်ဆန်သည် ယခုဘောလုံး ရာသီတွင်လည်း  လီဗာပူးအသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး  အဓိက  ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသူဖြစ်သည်။

လီဗာပူးအသင်းနည်းပြ  ကလော့က  “ရော်ဘတ် ဆန်အနေနဲ့  လေ့ကျင့်ရေးအစီအစဉ်မှာ အသေးစား ဒဏ်ရာတစ်ခု ရရှိခဲ့ပါတယ်။  အသေးစားဒဏ်ရာဆိုပေမယ့် မသက်သာလို့ အနားပေးခဲ့ရပါတယ်။ အသင်းဆေးအဖွဲ့က အနည်းဆုံး သုံးပတ်လောက်တော့ အနားယူရမယ်လို့ပြောပါတယ်။  သူ့အနေနဲ့   နိုင်ငံတကာ ပွဲစဉ်ကာလပြီးမှပဲ  အသင်းအတွက်  ပြန်ကစားပေးနိုင်ပါလိမ့်မယ်”ဟု ပြောသည်။

ရော်ဘတ်ဆန်အနေဖြင့် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူရမည်ဖြစ်သောကြောင့် စက်တင်ဘာ ၁၄ ရက်တွင် ကစားမည့်  ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သည့်  အေဂျက် အသင်းနှင့်ပွဲစဉ်နှင့်    နိုင်ငံတကာ ပွဲစဉ်အဖြစ်ကစားမည့် စကော့တလန် အသင်းနှင့် ပွဲစဉ်များကိုပါ လွဲချော်မည်ဖြစ်ကာ အောက်တိုဘာ ၁ ရက်တွင် ကစားမည့် ဘရိုက်တန် အသင်းနှင့် ပွဲစဉ်မှသာ  ပြန်လည် ပါဝင်နိုင်ဖွယ် ရှိကြောင်း သိရသည်။