ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်းက မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် စီရော်နယ်ဒိုကို ကမ်းလှမ်းသော်လည်း စီရော်နယ်ဒို ကိုယ်တိုင်ပယ်ချ

ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်းက မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် စီရော်နယ်ဒိုကို ကမ်းလှမ်းသော်လည်း စီရော်နယ်ဒို ကိုယ်တိုင်ပယ်ချ

ဆော်ဒီအာရေဗျကလပ်အသင်းဖြစ်သည့် အယ်လ်ဟီလာအသင်းက မန်ယူအသင်းတွင် အနာဂတ်မရေ မရာဖြစ်နေသည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့်    ကမ်းလှမ်းခဲ့သော်လည်း စီရော်နယ်ဒို ကိုယ်တိုင် ပယ်ချခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်းထံ တရားဝင် ထွက်ခွာခွင့် တောင်းဆိုပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့ သော်လည်း  မအောင်မြင်သည့် အတွက်  အသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ရခြင်း ဖြစ်သည်။

စီရော်နယ်ဒိုအနေဖြင့်  ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် ပီအက်စ်ဂျီအသင်း၊ ချယ်လ်ဆီးအသင်း၊ ဘာစီ လိုနာအသင်း၊ အက်သလက်တီကိုအသင်းနှင့် နာပိုလီ အသင်းတို့ထံ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့သော် လည်း အဆိုပါအသင်းများက ခေါ်ယူရန် ငြင်းဆန်ခဲ့ကြ ခြင်း ဖြစ်သည်။

လက်ရှိတွင် ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်းက စီရော်နယ်ဒိုကို နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်စာချုပ်အတွက် မြင့်မားသော လုပ်ခလစာဖြစ်သည့် ယူရို ၂၄၃ သန်းအထိပေးချေပြီး ခေါ်ယူရန် ကမ်းလှမ်းသော်လည်း   စီရော်နယ်ဒိုကိုယ်တိုင်က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လာမည့်ဇန်နဝါရီ  ကစားသမား အပြောင်းအရွှေ့ကာလတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်း နေကြောင်း သိရသည်။