ဘာစီလိုနာအသင်းက လူငယ်ကွင်းလယ် ကစားသမား ဂါဗီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘာစီလိုနာအသင်းက လူငယ်ကွင်းလယ် ကစားသမား ဂါဗီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘာစီလိုနာအသင်းက   လူငယ်ကွင်းလယ် ကစားသမားဂါဗီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် လူငယ်ကစားသမား ဂါဗီသည် ဘာစီလိုနာအသင်း အကယ်ဒမီဖြစ်သည့် မာလာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ကာ ၂၀၂၁ ခုနှစ် ဇူလိုင်လက အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုပြီး   အသင်းတွင် စတင်ပါဝင် ကစားခဲ့ခြင်းဖြစ်သည်။

ဂါဗီသည်  ပြီးခဲ့သည့် ဘောလုံးရာသီက  အသင်းနှင့် ပထမဆုံး ဘောလုံးရာသီအဖြစ် စတင်ပါဝင်ကစားခဲ့သော်လည်း အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ကာ ပွဲထွက်ကစား သမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ဂါဗီနှင့် ဘာစီလိုနာအသင်းတို့ စာချုပ်အဟောင်းမှာ ၂၀၂၃ ခုနှစ်တွင်  ကုန်ဆုံးမည်ဖြစ်သည့်အတွက် အနာဂတ်တွင်  တောက်ပလာနိုင်သည့် ကစားသမား တစ်ဦးကို လက်မလွှတ်လိုသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဂါဗီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာ အသင်းနှင့် ပွဲစဉ်တိုင်းနီးပါး ပါဝင်ကစားခဲ့ပြီး လက်ရှိ အချိန်တွင် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၃ ပွဲအထိ ပါဝင်ကစား ကာ  စပိန်အသင်းအတွက်လည်း ပြိုင်ပွဲစုံ ၁၀ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး   ဘာစီလိုနာအသင်းနှင့်   စပိန်အသင်းတို့တွင် အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းက ဂါဗီကို စာချုပ်လျော်ကြေးကိုလည်း မြင့်မားစွာ သတ်မှတ်ခဲ့ပြီး ယူရို တစ်ဘီလီယံ သတ်မှတ်ခဲ့ကြောင်း သိရသည်။