မိတ္ထီလာခရိုင်၌ ယခုဘဏ္ဍာနှစ်တွင် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန် စိုက်ပျိုးရန် လျာထားသည့် ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မိတ္ထီလာခရိုင်၌ ယခုဘဏ္ဍာနှစ်တွင် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန် စိုက်ပျိုးရန် လျာထားသည့် ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မိတ္ထီလာ  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်၌  ယခုဘဏ္ဍာနှစ်တွင် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ  အထူးဇုန်စိုက်ပျိုးရန် လျာထားသည့် ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း  ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန်များကို   မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၃၇ စုမှ ကွင်း ၈၇ ကွင်းရှိ တောင်သူ ၁၂၁၁ ဦးက  ဧက ၃၀၀၀ ကို ဇူလိုင်တတိယပတ်က   စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။   ယင်းသို့စိုက်ပျိုးရာတွင် ချည်မျှင်ရှည်ဝါ အထူးဇုန်များကို မိတ္ထီလာမြို့နယ်၌ ဧက ၄၅၀၊ မလှိုင်မြို့နယ်၌ ဧက ၇၅၀၊ သာစည်မြို့နယ်၌ ဧက ၇၅၀ နှင့် ဝမ်းတွင်းမြို့နယ်၌ ဧက ၁၀၅၀ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြောင်းလဲလာသည့်  ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး   တစ်ဧကအထွက်နှုန်းတိုး၍ ဝင်ငွေတိုးနိုင်သည့်ဝါကို ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍    ခရိုင်အတွင်းရှိ ကျေးရွာများ၌ ချည်မျှင်ရှည်ဝါ အထူးဇုန်များ စိုက်ပျိုးနိုင်ရန်   အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။