လူအများ စုဝေးနေထိုင်ရာနေရာ (Institution) များတွင် နေထိုင်သူများ လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန် (Version 2.0)

လူအများ စုဝေးနေထိုင်ရာနေရာ (Institution) များတွင် နေထိုင်သူများ လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန် (Version 2.0)

ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ခြင်းနှင့် အကျဉ်းထောင်များ၊ အချုပ်ထောင်များအစရှိသော လူအများ စုဝေးနေထိုင်ရာနေရာ(Institution) များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား  အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။  ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ လူအများ စုဝေးနေထိုင်ရာနေရာ (Institution) များ၌ နေထိုင်သူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များကို တိကျစွာပူးပေါင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်-

လူအများ စုဝေးနေထိုင်ရာ နေရာ (Institution)များတွင် နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ

၁။(က)အသက်(၅)နှစ်နှင့်  အထက်ရှိသူများ အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံထားရှိရန်နှင့် အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုကာလ (၆)လပြည့်ပြီးသူများသည်  ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းကို မပျက်မကွက် ခံယူကြရန်၊

    (ခ) အလုံပိတ်အခန်းအတွင်း  လူအများနှင့် အတူရှိနေခြင်း၊ အခန်းအတွင်း ပြင်ပမှ လာရောက်သူများရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို အမြဲဝတ်ဆင်ထားရန်၊

    (ဂ) လက်ကိုမကြာခဏ စက္ကန့်(၂၀)ကြာ ရေ၊ ဆပ်ပြာ သို့မဟုတ်  အယ်လ်ကိုဟော(၆၀%) ပါဝင်သော လက်သန့်စင် ဆေးရည် (Hand Sanitizer/Gel) ဖြင့် စနစ်တကျ ဆေးကြောရန်၊

    (ဃ)ရုတ်တရက် နှာချေခြင်း၊ ချောင်းဆိုးခြင်း ပြုသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းကို တံတောင်ကွေးဖြင့် လုံခြုံအောင် ဖုံးအုပ်ရန်၊

    (င) စားသောက်ရာတွင်  အတူစုဖွဲ့ စားသောက်ခြင်း၊  မျက်နှာချင်းဆိုင် စားသောက်ခြင်း၊  စားသောက်နေစဉ် စကားပြောဆိုခြင်းများ တတ်နိုင်သမျှ မပြုလုပ်ကြရန်၊

    (စ) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ခံစားရသူရှိပါက  သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းထံသို့ ချက်ချင်း သတင်းပေးပို့ရန်။

လာရောက်တွေ့ဆုံသော ဧည့်သည်များ လိုက်နာရန်အချက်များ

၂။ (က)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူနှင့်  ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်ရန်၊

    (ခ) လာရောက်တွေ့ဆုံစဉ်  ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ အမြဲဝတ်ဆင်ထားရန်၊

    (ဂ  ) Institution  အဝင်/ထွက်တွင်   ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှု ခံယူရန်၊

    (ဃ)ဖျားနာခြင်းနှင့် အခြား ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားနေရပါက  လာရောက်ခြင်း မပြုရန်၊

    (င) အတူတကွ ဝိုင်းဖွဲ့စားသောက်ခြင်း  လုံးဝမပြုလုပ်ရန်၊

    (စ) လူစုလူဝေး မဖြစ်စေရေး ဂရုပြုနေထိုင်ရန်။

ကျန်းမာရေးဝန်ကြီးဌာန

 (၁၇-၉-၂၀၂၂)