မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်သည့် အီတီဟတ် အားကစားကွင်းကြီးကို ပရိသတ်ဦးရေ  ၆၀၀၀၀ ဝင်ဆံ့နိုင်သည့်ကွင်းအဖြစ် အဆင့်မြှင့်တင်မည်

မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်သည့် အီတီဟတ် အားကစားကွင်းကြီးကို ပရိသတ်ဦးရေ  ၆၀၀၀၀ ဝင်ဆံ့နိုင်သည့်ကွင်းအဖြစ် အဆင့်မြှင့်တင်မည်

မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်သည့် အီတီဟတ် အားကစားကွင်းကြီးကို ပရိသတ်ဦးရေ ၆၀၀၀၀ ဝင်ဆံ့နိုင်သည့် ကွင်းအဖြစ် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

လက်ရှိတွင်  အီတီဟတ် အားကစားကွင်းကြီးသည် ပရိသတ်ဦးရေ ၅၅၀၀၀ ခန့်ဝင်ဆံ့နိုင်သော အားကစားကွင်းဖြစ်ကာ နောက်ထပ်ပရိသတ် ဦးရေ ၅၀၀၀ ဝင်ဆံ့နိုင်စေရန် တိုးချဲ့ပြီး  ပရိသတ်ဦးရေ ၆၀၀၀၀ ဝင်ဆံ့နိုင်သည့် အားကစားကွင်းအဖြစ်  အဆင့်မြှင့်တင်မည်ဖြစ်သည်။

မန်စီးတီးအသင်း အိမ်ကွင်းဖြစ်သည့်  အီတီဟတ် အားကစားကွင်းကြီးသည် ပရိသတ်ဦးရေ ၅၅၀၀၀ ခန့်သာ ဝင်ဆံ့နိုင်သည့် အားကစားကွင်းဖြစ်သောကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်းသတ်မှတ်ချက် များအရ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို လက်ခံ ကျင်းပနိုင်ခြင်း မရှိသည့်အတွက် အသင်းပိုင်ရှင်များက  အားကစားကွင်းကို အဆင့်မြှင့်တင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ကျင်းပခွင့် ရရှိရန် ရည်မှန်းနေခြင်းဖြစ်သည်။

မန်စီးတီးအသင်း အနေဖြင့် မကြာမီ ကွင်းအဆင့် မြှင့်တင်မှုကို စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ပရိသတ်ဦးရေ ၆၀၀၀၀ ဝင်ဆံ့သည့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ကာ မန်ယူအသင်း အိမ်ကွင်းနှင့် အာဆင်နယ်အသင်း အိမ်ကွင်းပြီးလျှင် တတိယအကြီးဆုံး အိမ်ကွင်းဖြစ်လာမည်ဖြစ်ကြောင်း   သိရသည်။