ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် ဘက်တစ်အသင်း ဝါရင့်တောင်ပံ ကစားသမား ဂျိုအာကွင်း မှတ်တမ်းဝင်

ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် ဘက်တစ်အသင်း ဝါရင့်တောင်ပံ ကစားသမား ဂျိုအာကွင်း မှတ်တမ်းဝင်

ဘက်တစ်အသင်း   ဝါရင့်တောင်ပံ ကစားသမား ဂျိုအာကွင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဘက်တစ်အသင်းနှင့်   လူဒိုဂိုရက်စ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင်  ဂိုးသွင်းယူနိုင်ပြီးနောက်   ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘက်တစ်အသင်းက အိမ်ကွင်း ၌ လူဒိုဂိုရက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင် ရရှိပြီး ဂျိုအာကွင်းက ပွဲချိန် ၃၉ မိနစ်တွင် တစ်ဂိုး သွင်းယူနိုင်ပြီးနောက်  မှတ်တမ်းကောင်းတစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဂျိုအာကွင်းသည် ဘက်တစ်အသင်းနှင့် လူဒိုဂို ရက်စ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၌ ပါဝင်ကစားချိန်တွင်  အသက်  ၄၁  နှစ်နှင့်  ၅၆  ရက်ရှိနေပြီဖြစ်ကာ ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် ဂျိုအာကွင်းမတိုင်မီ  ၂၀၁၅  ခုနှစ်  နိုဝင်ဘာလက နော်ဝေကလပ် မိုဒီအသင်းမှ ဟတ်စ်တက်က အသက်  ၄၀ နှင့် ၉၈ ရက်ဖြင့် စံချိန်တင်ထားခဲ့ခြင်းကို ယခုအခါ ဂျိုအာကွင်းက ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဂျိုအာကွင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကလည်း အသင်းနှင့်အတူ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးပေးနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ်  အသက်  ၄၀ နှင့် ၄၁ ရက်ဖြင့် စံချိန်တင်ထားပြီး ယခုအခါတွင်လည်း ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ်ပါ ထပ်မံစံချိန်သစ် တင်နိုင်ခဲ့သည့်အတွက် ယူရိုပါလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းရှင်နှင့် ဂိုးဖန်တီးနိုင်သည့် ကစားသမားအဖြစ် ပူးတွဲ စံချိန်တင်ထားကာ ၎င်း၏စံချိန်ကို တခြားကစားသမားများ ကျော်ဖြတ်ရန် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။