(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ 

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ 

ရန်ကုန်  စက်တင်ဘာ  ၁၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား   ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC)ခန်းမ၌ ကျင်းပသည်။     

ရှေးဦးစွာ  အမျိုးသားအသက်(၂၁)နှစ်နှင့်အောက် အငယ်တန်း ကာယဗလမောင် ပြိုင်ပွဲ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊  ၈၀ နှင့်အထက် ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ များတွင် ကာယဗလမောင်များက သတ်မှတ်ကိုယ်ဟန်ခုနစ်မျိုးဖြင့် ပြသကြရာ  ပဏာမ ရွေးချယ်ခဲ့ကြသည်။

ဆက်လက်၍  အမျိုးသား၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊  အမျိုးသမီး Model Physique (၁၆၀  စင်တီမီတာ) ပြိုင်ပွဲ၊   အမျိုးသမီး Model Physique (၁၆၀စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ အမျိုးသား Sports Physique (၁၇၀ စင်တီမီတာ) ပြိုင်ပွဲ၊  အမျိုးသား  Sports Physique  (၁၇၀ စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ အမျိုးသမီး Fitness Physique ပြိုင်ပွဲများတွင် ကာယဗလမောင်မယ်များက   သတ်မှတ် ကိုယ်ဟန်ခုနစ်မျိုးဖြင့် ယှဉ်ပြိုင်ကြရာ ပဏာမ ရွေးချယ်ခဲ့ကြသည်။

ထို့နောက် ဗိုလ်လုပွဲပြိုင်ပွဲများ ကျင်းပရာ ပဏာမရွေးချယ်ခံရသော ကာယဗလမောင်မယ်များက သတ်မှတ်ကိုယ်ဟန်ခုနစ်မျိုးဖြင့် နောက်ခံတေးဂီတနှင့်အတူ   ယှဉ်ပြိုင်ကြသည်။  အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်   ဦးစိုးသိန်း၊ အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊    တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချူပ် ဥက္ကဋ္ဌနှင့်အမှုဆောင်များက ကြည့်ရှုအားပေးကြပြီး အမျိုးသား(၂၁)နှစ်နှင့်အောက်   အငယ်တန်း ကာယဗလပြိုင်ပွဲ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊၈၀ နှစ်အထက် ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား Athletic Physique ပြိုင်ပွဲ၊   အမျိုးသမီးAthletic Physique ပြိုင်ပွဲ၊   အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)ပြိုင်ပွဲ၊  အမျိုးသမီး  Model Physique (၁၆၀ စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တီမီတာ)ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။