Golden Boy Award  2022 ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၄၀ စာရင်းထုတ်ပြန်ရာ ဘာစီလိုနာအသင်း လူငယ်ကစားသမား ပက်ဒရီလည်း ပြန်လည်ပါဝင်လာ

Golden Boy Award  2022 ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၄၀ စာရင်းထုတ်ပြန်ရာ ဘာစီလိုနာအသင်း လူငယ်ကစားသမား ပက်ဒရီလည်း ပြန်လည်ပါဝင်လာ

အီတလီထိပ်တန်း သတင်းဌာနဖြစ်သည့်   Tutto Sports သတင်းဌာနက ကမကထပြုလုပ်ပြီး ရွေးချယ်ချီးမြှင့်သည့် Golden Boy Award 2022 ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၄၀ စာရင်းထုတ်ပြန်ရာ ၂၀၂၁ ခုနှစ်က ဆုရရှိခဲ့သော  ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား ပက်ဒရီလည်း ပါဝင်လာကြောင်း သိရသည်။

Golden Boy Award ဆုကို ၂၀၁၃ ခုနှစ်မှစ၍ Tutto Sports သတင်းဌာနက ကမကထပြုလုပ်ကာ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်ပြီး ကမ္ဘာ့တစ်နှစ်တာ အကောင်း ဆုံး ကစားသမားဆု(Ballond'Or)ပေးအပ်ပွဲ အခမ်း အနားတွင် ပူးတွဲချီးမြှင့် ပေးအပ်ခြင်းဖြစ်ကာ ဥရောပ တစ်ဝန်းရှိ အသက် ၂၁ နှစ်အောက် ကစားသမားများကိုသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

Golden Boy Award 2022 ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၄၀ စာရင်းတွင် ပက်ဒရီနှင့် အတူ ဥရောပထိပ်တန်း အသင်းကြီးများတွင် ခြေစွမ်းပြလျက်ရှိသည့်    ကစားသမားအများစု ပါဝင်လာပြီး  ပရီးမီးယားလိဂ်မှ အီလန်ဂါ၊ အီလီးယော့၊ ကာဗယ်ဟို၊ မာကွင်ဟိုတို့နှင့်အတူ စပိန်လာလီဂါမှ ပက်ဒရီ၊  ကာမာဗင်ဂါ၊ ဖာတီ၊ ဂါဗီတို့ပါဝင်ခဲ့ကာ ဂျာမန်ဘွန်ဒက်စ်လီဂါမှ    ဘယ်လင်ဟမ်၊ ဂရာဗန်ဘစ်၊ မူစီယာလာတို့ပါဝင်လာကာ ဆုရရှိရန် ရေပန်းစားမှု စာရင်းတွင်  ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်က ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။   

Ref;Sportsbible