ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝေးကွင်းလေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟာလန်း စံချိန်သစ်တင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝေးကွင်းလေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟာလန်း စံချိန်သစ်တင်

မန်စီးတီးအသင်းတိုက်စစ်မှူး  ဟာလန်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် ဝုဗ်အသင်းနှင့် မန်စီးတီးအသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက်  တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝေးကွင်း လေးပွဲဆက်ဂိုးသွင်း ယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ဟာလန်းသည် ပြီးခဲ့သည့် ကစားသမား အပြောင်းအရွှေ့ ကာလတွင်   ဒေါ့မွန် အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားပြီး နောက် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြပြီး  သွင်းဂိုးများ သွင်းယူနိုင်ကာ ဝုဗ်အသင်းနှင့် ပွဲစဉ် တွင်လည်း   တစ်ဂိုးသွင်းယူနိုင်ပြီးနောက်   စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟာလန်းသည် မန်စီးတီး အသင်းနှင့်အတူ အဝေး ကွင်းလေးပွဲဖြစ်သည့် ဝက်စ်ဘရွန်း အသင်းနှင့်ပွဲစဉ်၊ နယူးကာဆယ်အသင်းနှင့် ပွဲစဉ်၊ အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်၊ ဝုဗ်အသင်းနှင့် ပွဲစဉ်တို့တွင် လေးပွဲဆက် သွင်းဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟာလန်းသည် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၀ ဂိုးကို ပွဲအနည်းဆုံးဖြင့် ရရှိ အောင်   စွမ်းဆောင်နိုင်သည့် ကစားသမားအဖြစ် စံချိန်မှတ်တမ်းကောင်း တစ်ရပ်ရရှိခဲ့သကဲ့သို့ ယခု အခါတွင်လည်း ပြိုင်ပွဲသမိုင်း တစ်လျှောက် အဝေးကွင်းလေးပွဲဆက် ဂိုးသွင်းယူနိုင်သည့်   ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်း ဖြစ်သည်။

ဟာလန်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ခုနစ်ပွဲ ကစားရာ  ၁၁ ဂိုးအထိ    သွင်းယူထားသကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း သုံးဂိုးသွင်းယူနိုင်ကာ ပြိုင်ပွဲစုံ  သွင်းဂိုး ၁၄ ဂိုးအထိရှိလာပြီး  လက်ရှိဥရောပ ထိပ်တန်းလိဂ်များတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref;Opta.com