ဟံသာဝတီယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းကို ဂိုးပြတ် အနိုင်ရရှိ

ဟံသာဝတီယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းကို ဂိုးပြတ် အနိုင်ရရှိ

နေပြည်တော် စက်တင်ဘာ ၁၉

၂၀၂၂ ခုနှစ်   မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ၁ မှ ဒုတိယအကျော့ ပြိုင်ပွဲ ပွဲစဉ် ၁၂ အဖြစ် ယနေ့ညနေ ၃ နာရီတွင်   သုဝဏ္ဏကွင်း၌  ဟံသာဝတီယူနိုက်တက် အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဟံသာဝတီ ယူနိုက်တက်အသင်းက မဟာယူနိုက်တက် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ယနေ့ပွဲစဉ်တွင် မြန်မာနေရှင်နယ်လိဂ်မှ ပွဲစဉ် ၁၁ အပြီးတွင် အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် ရပ်တည်နေသော ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်နေသော မဟာယူနိုက်တက်အသင်းတို့ တွေ့ဆုံမှုဖြစ်ကာ ပထမအကျော့ပြိုင်ပွဲတွင်  ဟံသာဝတီ ယူနိုက်တက်အသင်းက   မျိုးမင်းဖြိုး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မဟာယူနိုက်တက် အသင်းကို အနိုင်ရရှိခဲ့ပြီး ယနေ့ဒုတိယအကျော့ပြိုင်ပွဲတွင်လည်း    ပွဲကစားချိန်၂၁ မိနစ်တွင် ဟံသာဝတီ ယူနိုက်တက် အသင်းမှ နေမိုးနိုင်၏ တစ်လုံးတည်းသော ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဟံသာဝတီယူနိုက်တက် အသင်းမှ ပွဲကစားချိန် ၆၈ မိနစ်တွင် ဇင်မင်းထွန်းက လည်းကောင်း၊ ပွဲကစားချိန် ၈၁ မိနစ်တွင် နေမိုးနိုင်က လည်းကောင်း၊ ဂိုးများ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့သည် အတွက် ဟံသာဝတီယူနိုက်တက် အသင်းက ဒုတိယပိုင်းအပြီးတွင် ၃ ဂိုးဖြင့် မဟာယူနိုက်တက် အသင်းကို  ဂိုးပြတ်အနိုင် ရရှိသည်။

စက်တင်ဘာ ၂၄ ရက်တွင် ပွဲစဉ် ၁၃ မှ  GFA အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။