ငါးလတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌  ပျားရည် အလေးချိန်ပေါင် ၉၉၀၀၀၀ ကျော် ထုတ်လုပ်ထား

ငါးလတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌  ပျားရည် အလေးချိန်ပေါင် ၉၉၀၀၀၀ ကျော် ထုတ်လုပ်ထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှသြဂုတ်လကုန်အထိ ငါးလတာကာလအတွင်း ပျားရည် အလေးချိန် ၉၉၈၅၀၀ပေါင် ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပျားမွေးမြူရေး လုပ်ငန်းရှင် ၃၀၆ ဦးတို့က ပျားအုံပေါင်း ၉၃၀၃၅ အုံဖြင့် ဆီထွက်သီးနှံ၊ နွေစပါး၊ ပဲမျိုးစုံတို့အပြင် စိုက်ပျိုးရေး လုပ်ငန်းများနှင့်ချိတ်ဆက်မွေးမြူ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပျားရည်အလေးချိန်ပေါင် ၄၉၅၉၀၀၀  ထုတ်လုပ်နိုင်ရေး ရည်မှန်းလုပ်ဆောင်လျက်ရှိသည်။

“ တိုင်းဒေသကြီးအတွင်းမှာ အဓိက ထုတ်လုပ်မှုအနေဖြင့် ကနီ၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ်တွေမှာ ပျားရည်ကိုအဓိက ထုတ်လုပ်ကြတယ်။ အခုဘဏ္ဍာနှစ်မှာတော့ ဒေသခံမွေးမြူရေး လုပ်ငန်းရှင်တွေက ထုတ်လုပ်မှုများပြီး အခုအချိန်မှာတော့ ဆီးသီးပန်းပွင့်ရာသီစပြီဖြစ်တဲ့အတွက် ပျားမွေးမြူရေး လုပ်ငန်းကို စတင်လုပ်ကိုင်နေကြပြီဖြစ်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တိုင်းဒေသကြီး တာဝန်ခံက ပြောသည်။

ပျားရည်ထုတ်လုပ်မှု လျာထားချက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအတွင်း သြဂုတ်လ  တတိယပတ်မှစတင်ပြီး  အောက်တိုဘာလ  ပထမတ်အထိ ဆီးသီးပန်းပွင့် ရာသီတွင် ကနီ၊ ယင်းမာပင်၊ ဘုတလင်တို့တွင် ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကာ ပျားရည် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။