ဂျပန်နိုင်ငံသို့ အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဂျပန်နိုင်ငံသို့ အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တစ်လုံးဖြစ်သည့် နန်မာဒေါသည် စက်တင် ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံ အနောက် တောင်ပိုင်းသို့ ဝင်ရောက် တိုက်ခတ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး  လေပြင်းများ တိုက်ကာ  ရေကြီးမှုဖြစ်ပွားကြောင်းနှင့် အနည်းဆုံး လူနှစ်ဦးသေဆုံးကြောင်း တာဝန် ရှိသူများက ထုတ်ပြန်ထားသည်။

နန်မာဒေါတိုင်ဖွန်းမုန်တိုင်းသည် ကာဂို ရှီးမားစီရင်စု ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက်    ဟွန်ရှူးကျွန်းအနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်မှနေ၍ အရှေ့မြောက်ဘက်သို့ ဆက်လက်ဦးတည် ရွေ့လျားသွားသည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါမုန်တိုင်းကြောင့် မြေပြိုမှုများဖြစ်ပွားကာ  အဆောက်အအုံအချို့ မြေဖုံးလွှမ်းခံရကြောင်းနှင့် ဒဏ်ရာရရှိသူ အနည်းဆုံး ၈၇ ဦးရှိကြောင်း NHKသတင်း ဌာနက ဖော်ပြထားသည်။

အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှု ဖြစ်ပွားလာနိုင်သည့် အတွက် ဒေသခံများအနေဖြင့် သတိနှင့် နေထိုင်ရန်နှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

Ref: Japan Times