တရုတ်၏ အင်္ဂါဂြိုဟ်အစီအစဉ် အဖွဲ့ ကမ္ဘာ့အမြင့်ဆုံး လေကြောင်း အာကာသဆုရရှိ

တရုတ်၏ အင်္ဂါဂြိုဟ်အစီအစဉ် အဖွဲ့ ကမ္ဘာ့အမြင့်ဆုံး လေကြောင်း အာကာသဆုရရှိ

တရုတ်နိုင်ငံမှ Tianwen 1 Marsအမည်ရှိ အင်္ဂါဂြိုဟ်အစီအစဉ် အဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံး လေကြောင်းအာကာသဆုကို ရရှိကြောင်း သိရသည်။

ထိုအဖွဲ့သည် ပြီးခဲ့သည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်များကို အောင်မြင်စွာ စေလွှတ်နိုင်သည့်အတွက် အင်္ဂါဂြိုဟ် လေ့လာစူးစမ်းမှုနှင့်  အာကာသအတွင်း စူးစမ်းလေ့လာမှု နည်းပညာတို့တွင် ခေတ်ရှေ့ပြေးမှု စွမ်းရည်များကို ဆောင်ကြဉ်းပေးနိုင်သည့်အတွက်  ယခုကဲ့သို့ လေကြောင်း အာကာသဆုကို ရရှိခြင်းဖြစ်ကြောင်း နိုင်ငံတကာလေကြောင်း အဖွဲ့အစည်းက စက်တင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်သည်။

တရုတ်၏ Tianwen 1 Mars အစီအစဉ်သည် အင်္ဂါဂြိုဟ်ပတ်ယာဉ်၊ ဂြိုဟ်ဆင်းယာဉ်နှင့် ဂြိုဟ်ပေါ်သွားယာဉ်တို့ကို ပထမဆုံးအကြိမ်အဖြစ်    အောင်မြင်စွာ စေလွှတ်နိုင်ခဲ့သည်။

အဆိုပါအစီအစဉ်မှ ရရှိသော အချက်အလက်များသည် အင်္ဂါဂြိုဟ်နှင့် အာကာသ အတွင်းပိုင်းရှိ   အကြောင်းအရာများကို သိပ္ပံပညာရှင်များ ပိုမိုသိရှိလာစေနိုင်ကြောင်း နိုင်ငံတကာလေကြောင်း အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ယခုကဲ့သို့ ကမ္ဘာ့အမြင့်ဆုံး အာကာသလေကြောင်းဆုကို ရရှိမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ကလည်း   လပေါ်ရှိ ဝင်ရိုးစွန်းဒေသသို့ စက်ရုပ်ယာဉ် တစ်စင်းကို  အောင်မြင်စွာ စေလွှတ်နိုင်သည့်အတွက် အလားတူဆုကို လက်ခံရရှိဖူးကြောင်း သိရသည်။

Ref: SCMP