အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၄၈)နှစ်မြောက်တိုင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ သြဂုတ် -

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၄၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဆုရရှိသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ ဝင်များက သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများ၊ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးတွင် အကောင်းဆုံးဆု ရရှိသည့် အိမ်ထောင်သည် ရဲမေများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်သည်။

ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှ မိသားစုဝင်များကို ဗလာမပါ ကံစမ်းမဲ ဖောက်ပေး ခြင်းနှင့် တိုင်းနှစ်ပတ်လည် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများ ပြုလုပ် ပေးခဲ့ကြောင်း သတင်းရရှိသည်။